Tuesday, August 19, 2008

Drawing with template (*.dwt)

တူညီတဲ့ ပရောဂျက် တစ်ခုက ပုံတွေကို ဆွဲတဲ့ အခါ ကျတော်တို့ layer, linetype, lineweight တွေကို စာရွက်အသစ်တောင်းတိုင်း ထပ်ခါထပ်ခါပြုလုပ်ရပါတယ်။ နောက်စာရွက်လည်း ဒီlayer , ဒီ linetye ပဲထပ်ခါထပ်ခါ လုပ်နေတော့ အချိန်ကုန် ၊ပျင်းစရာကောင်းပါတယ်။ အဲဒီလို မလုပ်ချင်ရင်တော့ အောက်ပါအတိုင်းလုပ်ထားရင် အဆင်ပြေမှာပါ။
ပထမဦးဆုံး စာရွက်အလွတ်တစ်ခုတောင်းပါ။
ပြီးတော့ ကိုယ်လိုချင်တဲလိုင်းပုံစံ။ လေယာတွေ ကိုစိတ်ကြိုက်ဖန်တီးပါ။
နောက် အဲဒီစာရွက်ကိုသီမ်းဖို့ file – save as ကိုဝင်ပါ။
ပုံ(၁)
ပြီးတော့ file type ကို autocad drawing template(*.dwt) ကိုအရင် ရွေးပေးပါ။
File name ကို တော့ စိတ်ကြိုက်ပေးပါ. File name ၇ဲ့နောက်မှာ .dwt ထဲ့ပေးလည်းရပါတယ်။
သိမ်းရမဲ့နေရာကတော့ filetype ပြောင်းလိုက်ကတည်းက autocad ရဲ့ template သိမ်းတဲ့နေရာကို default အနေနဲ့ရောက်သွားမှာပါ။ template တွေသီမ်းတဲ့ default နေရာကတော့ “C:\Documents and Settings\---\Local Settings\Application Data\Autodesk\AutoCAD 2006\R16.2\enu\Template\---.dwt” .
စာရွက်အသစ်ယူတဲ့ အခါ use a template icon လေးကို နှိပ်ပြီး ကိုပေးခဲ့တဲ့ ဖိုင်နာမည်လေးကို ရွေးဖွင့်ပေးလိုက်ရင် အားလုံး အိုကေမှာပါ။ ဒါလေးကတော့ ကျတော်လုပ်ထားတဲ့ နမူနာလေးပါ။

ပုံ(၂)


TEMPLATE ဖိုင်ဖန်တီးတဲ့ အခါ တစ်ခါတည်းသတ်မှတ်ထားနိုင်တာတွေကတော့
• LAYER list• Line types• Dimension and text style settings• Unit settings• Drawing limitsမှတ်ချက်။။ စာရွက်အသစ်တောင်းတဲ့ အခါ ကျတော်ပုံ(၂)မှာပြထားသလို start up dialog box မပေါ်ရင် command window မှာ right click—option—system--- do not show start up dialog box အစား show start up dialog box ကို ရွေးပေးလိုက်ပါ။

No comments: