Friday, June 19, 2009

Pdf to Autocad

ပုလုကွေးတို့ အလုပ်လုပ်တဲ့ အခါမှာ တစ်ချို့သောပုံတွေကို ကိုယ်တိုင် အစ အဆုံးဆွဲနေစရာမလိုပါဘူး။ တစ်ချို့ကို supplier တွေ က ပေးပါတယ်။ ကိုယ်က မိန်းကွန်း (main contractor) ဆိုရင်ပေါ့။ ဒါပေမဲ့ တစ်ချို့သော sub-con တွေ၊ supplier တွေဟာ သူတို့ရဲ့ drawing ပုံတွေကို autocad format နဲ့ ပေးဖို့ ဝန်လေးတက်ကြပါတယ်။ ဘာကြောင့် လဲတော့မသိ။ pdf format နဲ့တော့ပေးကြတယ်ခင်ဗျ။ အဲဒီအခါမှာ ကိုယ်လိုအပ်တာက တစ်ပိုင်းလောက်လေး။ ဒါမှမဟုတ် သူတို့ပေးတဲ့ပုံကို title block ချိန်းတာတို့၊ dwg no. ပြင်တာတို့လုပ်ဖိုလိုတယ်ဆိုပါဆို့။

အော်တိုကတ် ဖောမတ်နဲ့ဆို သူ့ပုံမှာ ကိုယ်လိုချင်တာတွေယူ မလိုချင်တာတွေ ပယ်တာတွေကို မြန်မြန်လုပ်နိုင်ပါတယ်။ အဲ pdf နဲ့ဆိုရင်တော့ နည်းနည်း ခတ်လာတာပေါ့။ အစ အဆုံးပြန်ဆွဲရတော့မှာပေါ့။ ဒါကြောင့် pdf ကနေ autocad ပြောင်းလို့ ရမဲ့ ဆော့ဝဲလ်တော်တော်များများ ပုလုကွေး လိုက်ရှာတယ်။ တစ်ချို့ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ full version မရဘူး။ ရတဲ့ software တွေကျတော့လဲ မမိုက်ဘူး။ နောက်ဆုံး ပုလုကွေး အကြိုက်တွေ့သွားတာတော့ ဒီဆော့ဝဲလ်လေးပါပဲ။ တော်တော်လေး ကောင်းပါတယ်။ သူနဲ့ ဆို တော်တော့ ကို အဆင်ပြေသွားမှာပါ။ ပီးတော့ဖူးလ် ဗားရှင်းပါ။ ခ၇တ်ဖိုင်ကို ထည့်လိုက်ပါ။

အဲ မူရင်း pdf ဖိုင်ကတော့ အတန်အသင့် ကောင်းဖို့လိုတာပေါ့ဗျာ။

ဒီနေရာကနေ ယူပါဗျာ..


အမြဲတမ်း သင်ယူနေသော
ပုလုကွေး

PS. ဒီပို့စ်လေးကို www.crativespace.info မှာကျတော်တင်ခဲ့ဘူးပါတယ်...