Friday, June 19, 2009
Pdf to Autocad
အော်တိုကတ် ဖောမတ်နဲ့ဆို သူ့ပုံမှာ ကိုယ်လိုချင်တာတွေယူ မလိုချင်တာတွေ ပယ်တာတွေကို မြန်မြန်လုပ်နိုင်ပါတယ်။ အဲ pdf နဲ့ဆိုရင်တော့ နည်းနည်း ခတ်လာတာပေါ့။ အစ အဆုံးပြန်ဆွဲရတော့မှာပေါ့။ ဒါကြောင့် pdf ကနေ autocad ပြောင်းလို့ ရမဲ့ ဆော့ဝဲလ်တော်တော်များများ ပုလုကွေး လိုက်ရှာတယ်။ တစ်ချို့ကတော့ ကောင်းပါတယ်။ ဒါပေမဲ့ full version မရဘူး။ ရတဲ့ software တွေကျတော့လဲ မမိုက်ဘူး။ နောက်ဆုံး ပုလုကွေး အကြိုက်တွေ့သွားတာတော့ ဒီဆော့ဝဲလ်လေးပါပဲ။ တော်တော်လေး ကောင်းပါတယ်။ သူနဲ့ ဆို တော်တော့ ကို အဆင်ပြေသွားမှာပါ။ ပီးတော့ဖူးလ် ဗားရှင်းပါ။ ခ၇တ်ဖိုင်ကို ထည့်လိုက်ပါ။
အဲ မူရင်း pdf ဖိုင်ကတော့ အတန်အသင့် ကောင်းဖို့လိုတာပေါ့ဗျာ။
ဒီနေရာကနေ ယူပါဗျာ..
အမြဲတမ်း သင်ယူနေသော
ပုလုကွေး
PS. ဒီပို့စ်လေးကို www.crativespace.info မှာကျတော်တင်ခဲ့ဘူးပါတယ်...
Wednesday, October 22, 2008
Move/Copy--- Previous
Move နဲ့ Copy ကိုကြည့်ပြီးတော့ ပုလုကွေး တစ်ယောက် ဒီလောက်လွယ်တဲ့ command တွေနဲ့ ပို့စ် အသစ်တစ်ပုဒ်တင်ပြီး ဆားချက်တော့မယ်လို့တော့ ထင်လိုက်တယ်ဟုတ်။ တကယ်လဲ move/copy command လေးနဲ့ ဆားအနည်းငယ်ချက်ချင်လို့ပါ။
ဘယ်လိုလဲ ဆိုတော့ ကျတော်တို့ ရွှေ့ချင်တဲ့ အခါ move/ ပွားချင်တဲ့ အခါ copy command လေးကို သုံးတယ်။ ရိုးစင်းတဲ့ ပုံတွေကို ရွှေ့တဲ့ အခါ၊ ကော်ပီးပွားတဲ့ အခါမှာ ကိစ္စမရှိဘူး။ ရှုပ်ထွေးလှတဲ့ ပုံတွေကို move/copy လုပ်တဲ့အခါမှာ တစ်ချို့ အပိုင်းလေးတွေကျန်ခဲ့တယ်။
ဥပမာ.. move/copy---enter
Select objects---objects ကိုရွေး
Specify base pt----ဆိုတော့ base pt ပြတယ်။
ပြီးတော့ ရွှေ့ဖို့အတွက် ကြွက်(mouse) လေးကိုလည်းရွှေ့ လိုက်ကော…ဟောတွေ့ပါပြီ။ ရွေးတုန်းက သေသေချာချာ မရွေးခဲ့တော့ အတိုအစ လေးတွေ ကျန်ခဲ့ကော။ esc နှိပ်ပြီး အစ အဆုံး ပြန်ရွေးပေတော့ပဲ။ ဘယ်လိုလုပ်မလဲ။ အကုန်ပြန် select လုပ်ရမှာ။ :( စိတ်ပိန် သွားတယ်မဟုတ်လား။(ကျတော်လဲ ခဏ ခဏ ကြုံနေကျ)။ အဲဒီတော့ enter လေးပြန်ခေါက်ပြီးတော့ move/copy command လေးကို ပြန်ဝင်လိုက်ကြတာပေါ့။
move/copy---enter
Select objects--- ဟိုးတား ဆရာ . object တွေကို မရွေးနဲ့အုန်း.. p ဆိုတဲ့ ကီးလေးကို ရိုက်ပြီး enter ခေါက်ချကြည့်ပါ။ ဘာဖြစ်သွားလဲ။ ခုနတုန်းက ခင်ဗျားရွေးခဲ့တဲ့ objects တွေရွေးပြီးသား ဖြစ်သွားတယ်မဟုတ်လား။ နောက်ကျန်ခဲ့တဲ အကောင်တွေ(object) တွေကိုရွေးတော့ဗျာ။ ပြီးရင်ရွှေ့ချင်တဲ့နေရာ။ ကော်ပီ ကူးချင်တဲ့နေရာကို ကူးပေတော့။ P ဆိုတာ previous ပါတဲ့ခင်ဗျား။
Monday, October 6, 2008
Extrim
ဒီ command လေးက အခုနောက်ပိုင်းမှ အော်တိုကတ်ကို လေ့လာသူတွေ သိပြီးသားလို့ထင်ပါတယ်။ သူရဲ့ အသုံးဝင်ပုံကတော့ trim ရဲ့ express tool တစ်ခုပါပဲ။ trim နဲ့ ဖြတ်ရင် အကြိမ်ကြိမ်ဖြတ်ရမှာကို extrim နဲ့ တစ်ခါထဲ ဖြတ်လိုက်လို့ အဆင်ပြေမှာပါ။ ကိုယ် trim ဖြတ်ချင်တဲ့ object ရဲ့ အတွင်းကို ဖြတ်မှာလား။ အပြင်ကို ဖြတ်မှာလား။ click တစ်ချက်ခေါက်ပေး လိုက်ရုံနဲ့ အားလုံး ကို trim လုပ်ပေးမှာပါ။
Extrim –enter
Select obj -- ဆိုရင် ဖြတ်ချင်တဲ့ obj ကိုပြ။
Specify the side to trim on: ဆိုရင် ကိုယ် ဖြတ်ချင်တဲ့ ဘက်ကိုပြ၊
ပုံ(၂) မှာဆိုရင် ကျတော် အပြင်ကို click တစ်ချက်ပြထားတာပါ။
ပုံ(၃) ကတော့ အတွင်းကို click နှိပ်ထားတာပါ။
အားလုံး အဆင်ပြေနိုင်ပါစေ။
Thursday, September 25, 2008
subscript ,superscript and autocad
ကျတော်တို့ အော်တိုကတ်မှာ စာရိုက်တဲ့ အခါ word မှာလို subscript superscript တွေကို သုံးလို့မရဘူးလား။ ရပါတယ်။ သုံးရတာကလည်း ပုံမှန်အတိုင်းပါပဲ။
သူကို သုံးဖိုဆို ရင်
Mt –enter နဲ့ စာရိုက်
Subscript ဆိုရင် ကိုယ်ထားချင်တဲ့ စာလုံးရှေမှာ shift+6 ကို နှိပ်ပြီး ^ ပေါ်အောင်ရိုက်ပါ. ပြီးမှ ကိုယ်အောက်ချချင်တဲ့ စာလုံးကို ရိုက်ပါ။ ပြီးရင် အောက်ချချင်တဲ့ စာလုံးရယ်. ^ နှစ်ခုလုံးကို ရွေးပြီး text format tool bar က stack – (b/a သင်္ကေတ) လေးကို နှိပ်လိုက်ရင် သူအလိုလိုအောက်ကျ သွားပါမယ်။
Superscript ဆိုရင်တော့ ^ ကို ကိုယ်အပေါ်တင်ချင်တဲ့ စာလုံးရှေ့မှာထားပေးပါ။
Sunday, September 7, 2008
Mirror and text
မနေ့က ကျတော် ရုံးမှာ ပုံဆွဲနေတုန်း mirror ထောင်ပါတယ်။ အဲဒီအခါမှာ ပုံ(၁) မှာ ပြထားတဲ့ အတိုင်း (text)စာတွေပါ mirror လိုက်ပြောင်းပါတယ်. ဒါဘာကြောင့်လည်းဆိုတော့ variable တွေကြောင့်ပါ။
Wednesday, August 27, 2008
Mt နဲ့ကိုယ်စိတ်ကြိုက်စာလုံး
ကျတော်တို့ autocad နဲ့စာရိုက်တဲ့ အခါ single line text . multiline text ကြိုက်တာနဲ့ ရိုက်လေ့ရှိတယ်။ multiline text (mt) နဲ့စာရိုက်တဲ့ အခါ mt—enter လို့ဆိုရင်
အောက်ကပုံ(၁) လို့ autocad ကသူရဲ့ default font (txt)နဲ့ cursor အစမှာ abc နဲ့စပြီးဖော်ပြပေးမှာပါ။
ဒါကို ကျတော်တို့စိတ်ကြိုက်စာလုံးလေး(ကိုယ်နာမည်. ဒါမှမဟုတ်။ တစ်စုံတစ်ယောက်နာမည်) စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ command ထဲမှာ mtjigstring လို့ ရိုက်လိုက်ပါ. New value တောင်းလာတဲ့အခါ ကျတော်တိုစိတ်ကြိုက် စာလုံးလေးထဲ့လိုက်ပါ. စာလုံးရေ အများဆုံး ၈လုံးထိ တဆက်ထဲ ထည့်နိုင်ပါတယ်။ အောက်ကပုံကတော့ ကျတော်ပုလုကွေးဆိုတဲ့ နာမည်လေးဖန်တီးထားတာပါ။
Tuesday, August 19, 2008
Drawing with template (*.dwt)
ပထမဦးဆုံး စာရွက်အလွတ်တစ်ခုတောင်းပါ။
ပြီးတော့ ကိုယ်လိုချင်တဲလိုင်းပုံစံ။ လေယာတွေ ကိုစိတ်ကြိုက်ဖန်တီးပါ။
နောက် အဲဒီစာရွက်ကိုသီမ်းဖို့ file – save as ကိုဝင်ပါ။
ပြီးတော့ file type ကို autocad drawing template(*.dwt) ကိုအရင် ရွေးပေးပါ။
File name ကို တော့ စိတ်ကြိုက်ပေးပါ. File name ၇ဲ့နောက်မှာ .dwt ထဲ့ပေးလည်းရပါတယ်။
သိမ်းရမဲ့နေရာကတော့ filetype ပြောင်းလိုက်ကတည်းက autocad ရဲ့ template သိမ်းတဲ့နေရာကို default အနေနဲ့ရောက်သွားမှာပါ။ template တွေသီမ်းတဲ့ default နေရာကတော့ “C:\Documents and Settings\---\Local Settings\Application Data\Autodesk\AutoCAD 2006\R16.2\enu\Template\---.dwt” .
စာရွက်အသစ်ယူတဲ့ အခါ use a template icon လေးကို နှိပ်ပြီး ကိုပေးခဲ့တဲ့ ဖိုင်နာမည်လေးကို ရွေးဖွင့်ပေးလိုက်ရင် အားလုံး အိုကေမှာပါ။ ဒါလေးကတော့ ကျတော်လုပ်ထားတဲ့ နမူနာလေးပါ။
ပုံ(၂)
TEMPLATE ဖိုင်ဖန်တီးတဲ့ အခါ တစ်ခါတည်းသတ်မှတ်ထားနိုင်တာတွေကတော့
• LAYER list• Line types• Dimension and text style settings• Unit settings• Drawing limitsမှတ်ချက်။။ စာရွက်အသစ်တောင်းတဲ့ အခါ ကျတော်ပုံ(၂)မှာပြထားသလို start up dialog box မပေါ်ရင် command window မှာ right click—option—system--- do not show start up dialog box အစား show start up dialog box ကို ရွေးပေးလိုက်ပါ။