Thursday, September 25, 2008

subscript ,superscript and autocad

ကျတော်တို့ အော်တိုကတ်မှာ စာရိုက်တဲ့ အခါ word မှာလို subscript superscript တွေကို သုံးလို့မရဘူးလား။ ရပါတယ်။ သုံးရတာကလည်း ပုံမှန်အတိုင်းပါပဲ။

သူကို သုံးဖိုဆို ရင်

Mt –enter နဲ့ စာရိုက်

Subscript ဆိုရင် ကိုယ်ထားချင်တဲ့ စာလုံးရှေမှာ shift+6 ကို နှိပ်ပြီး ^ ပေါ်အောင်ရိုက်ပါ. ပြီးမှ ကိုယ်အောက်ချချင်တဲ့ စာလုံးကို ရိုက်ပါ။ ပြီးရင် အောက်ချချင်တဲ့ စာလုံးရယ်. ^ နှစ်ခုလုံးကို ရွေးပြီး text format tool bar က stack – (b/a သင်္ကေတ) လေးကို နှိပ်လိုက်ရင် သူအလိုလိုအောက်ကျ သွားပါမယ်။


Superscript ဆိုရင်တော့ ^ ကို ကိုယ်အပေါ်တင်ချင်တဲ့ စာလုံးရှေ့မှာထားပေးပါ။

Sunday, September 7, 2008

Mirror and text

ပုံ(၁)


မနေ့က ကျတော် ရုံးမှာ ပုံဆွဲနေတုန်း mirror ထောင်ပါတယ်။ အဲဒီအခါမှာ ပုံ(၁) မှာ ပြထားတဲ့ အတိုင်း (text)စာတွေပါ mirror လိုက်ပြောင်းပါတယ်. ဒါဘာကြောင့်လည်းဆိုတော့ variable တွေကြောင့်ပါ။ 

command window မှာ mirrtext လို့ရိုက်ပါ. 0 ဆိုရင်တော့ (text)တွေလိုက် မပြောင်းပါဘူး. 1 ဆိုရင်တော့ စာတွေအပါအ၀င် အားလုံးလိုက်ပြောင်းပါမယ်.ကျေးဇူးတင်ပါတယ်.

ပုံ(၃)


Wednesday, August 27, 2008

Mt နဲ့ကိုယ်စိတ်ကြိုက်စာလုံး

ကျတော်တို့ autocad နဲ့စာရိုက်တဲ့ အခါ single line text . multiline text ကြိုက်တာနဲ့ ရိုက်လေ့ရှိတယ်။ multiline text (mt) နဲ့စာရိုက်တဲ့ အခါ mt—enter လို့ဆိုရင်

အောက်ကပုံ(၁) လို့ autocad ကသူရဲ့ default font (txt)နဲ့ cursor အစမှာ abc နဲ့စပြီးဖော်ပြပေးမှာပါ။

ဒါကို ကျတော်တို့စိတ်ကြိုက်စာလုံးလေး(ကိုယ်နာမည်. ဒါမှမဟုတ်။ တစ်စုံတစ်ယောက်နာမည်) စိတ်ကြိုက်ဖန်တီးနိုင်ပါတယ်။ command ထဲမှာ mtjigstring လို့ ရိုက်လိုက်ပါ. New value တောင်းလာတဲ့အခါ ကျတော်တိုစိတ်ကြိုက် စာလုံးလေးထဲ့လိုက်ပါ. စာလုံးရေ အများဆုံး ၈လုံးထိ တဆက်ထဲ ထည့်နိုင်ပါတယ်။ အောက်ကပုံကတော့ ကျတော်ပုလုကွေးဆိုတဲ့ နာမည်လေးဖန်တီးထားတာပါ။


Tuesday, August 19, 2008

Drawing with template (*.dwt)

တူညီတဲ့ ပရောဂျက် တစ်ခုက ပုံတွေကို ဆွဲတဲ့ အခါ ကျတော်တို့ layer, linetype, lineweight တွေကို စာရွက်အသစ်တောင်းတိုင်း ထပ်ခါထပ်ခါပြုလုပ်ရပါတယ်။ နောက်စာရွက်လည်း ဒီlayer , ဒီ linetye ပဲထပ်ခါထပ်ခါ လုပ်နေတော့ အချိန်ကုန် ၊ပျင်းစရာကောင်းပါတယ်။ အဲဒီလို မလုပ်ချင်ရင်တော့ အောက်ပါအတိုင်းလုပ်ထားရင် အဆင်ပြေမှာပါ။
ပထမဦးဆုံး စာရွက်အလွတ်တစ်ခုတောင်းပါ။
ပြီးတော့ ကိုယ်လိုချင်တဲလိုင်းပုံစံ။ လေယာတွေ ကိုစိတ်ကြိုက်ဖန်တီးပါ။
နောက် အဲဒီစာရွက်ကိုသီမ်းဖို့ file – save as ကိုဝင်ပါ။
ပုံ(၁)
ပြီးတော့ file type ကို autocad drawing template(*.dwt) ကိုအရင် ရွေးပေးပါ။
File name ကို တော့ စိတ်ကြိုက်ပေးပါ. File name ၇ဲ့နောက်မှာ .dwt ထဲ့ပေးလည်းရပါတယ်။
သိမ်းရမဲ့နေရာကတော့ filetype ပြောင်းလိုက်ကတည်းက autocad ရဲ့ template သိမ်းတဲ့နေရာကို default အနေနဲ့ရောက်သွားမှာပါ။ template တွေသီမ်းတဲ့ default နေရာကတော့ “C:\Documents and Settings\---\Local Settings\Application Data\Autodesk\AutoCAD 2006\R16.2\enu\Template\---.dwt” .
စာရွက်အသစ်ယူတဲ့ အခါ use a template icon လေးကို နှိပ်ပြီး ကိုပေးခဲ့တဲ့ ဖိုင်နာမည်လေးကို ရွေးဖွင့်ပေးလိုက်ရင် အားလုံး အိုကေမှာပါ။ ဒါလေးကတော့ ကျတော်လုပ်ထားတဲ့ နမူနာလေးပါ။

ပုံ(၂)


TEMPLATE ဖိုင်ဖန်တီးတဲ့ အခါ တစ်ခါတည်းသတ်မှတ်ထားနိုင်တာတွေကတော့
• LAYER list• Line types• Dimension and text style settings• Unit settings• Drawing limitsမှတ်ချက်။။ စာရွက်အသစ်တောင်းတဲ့ အခါ ကျတော်ပုံ(၂)မှာပြထားသလို start up dialog box မပေါ်ရင် command window မှာ right click—option—system--- do not show start up dialog box အစား show start up dialog box ကို ရွေးပေးလိုက်ပါ။

Tuesday, August 5, 2008

arrow curve






အပေါ်က ပုံလို arrow ကွေးကွေးကောက်ကောက်လေးကို ဘယ်လိုဖန်တီးမလဲ။ ဗြုန်းကနဲ့ဆို ကျတော်တို ဘယ်လိုဆွဲရပါလိပ်လို့တွေးစရာရှိပါတယ်. ဘာမှမခက်ပါဘူး။ ကျတော် bloc k ဖွဲ့ ပြီး divide command ကို သုံးထားတာပါ။ လွယ်လွယ်လေးပါ။ ပထမဆုံး arrow တစ်ခုကိုဆွဲ။ block ဖွဲ။ နောက်ပြီး path လမ်းကြောင်းအတွက် poly line. Spline ကြိုက်တာသုံးပြီးဆွဲပါ။
နောက် အဲဒီpath လမ်းကြောင်းကို ပိုင်းဖို့အတွက်
divide (div) command –enter
path လမ်ကြောင်းကို ရွေး
no of segments or block တောင်တဲ့အခါ block တည့်မှာမို့ b –enter
ဖွဲ့ထားတဲ့ block name ကိုပေး--enter
Align လုပ်မှာလားလို့မေးရင် yes. ပါ။
No. of segment တောင်းလာရင် ကြိုက်သလောက်ထည့် ။။ path လမ်းကြောင်းကို delete လုပ်လိုက်ရင် ကျတော်တို့လိုချင်တဲ arrow ကွေးကွေးကောက်ကောက်လိုင်းလေးရပါပြီ။့

Wednesday, July 2, 2008

TEXT တွေကို ဘောင်ခတ်မယ်

ဒီ command လေးကို မသိခင်တုန်းက ကျတောtext တွေကို slot ပုံစံနဲ့ ဘောင်ခတ်ချင်ရင် command တွေ အများကြီးသုံးရတယ်။ ဒီ command လေးကို သိတော့ အဆင်ပြေသွားတယ်။ အဲဒါကတော့ tcircle ဆိုတဲ့ command ပါပဲ။ သူက mtext , dtext အားလုံးနဲ့အဆင်ပြေပါတယ်။

Tcircle ->enter

စာကိုရွေး->enter

Distance offset factor ထည့်(or default ထား)-->enter

Circle –c, slot—s, rectangles- r ကြိုက်တဲပုံစံယူ>enter

Constant လား , variable လား အဆင်ပြေတာယူ->enter


Tuesday, July 1, 2008

Hatching လှလှလေး




ကျတော်ခြယ်ထားတဲ့ hatch ပုံလေး ၂ပုံထဲမှာ ဘယ်ပုံမိုက်တယ်လို ခင်ဗျားထင်သလဲ။ figure 2 အနီရောင်ပုံလေးက ပိုမိုက်တယ်နော်။ ပုံ (၂)ပုံ မှာ မတူတာကို မြင်မယ်ထင်ပါတယ်။ ဒါဘာဖြစ်လို့လဲဆိုတော့ drawing တွေကို hatch ခြယ်တဲ့ အခါ default အနေနဲ origin ကို ucs (0,0) ကစလို့ပါပဲ။ ကျတော်တို့ figure 2 ကလို လှချင်ရင်တော့ hatch and gradient box ကျလာရင်

hatch origin မှာ current origin အစား specificed origin ကို ရွေးပေးလိုက်ပါ။ ပြီးရင် ကိုယ်ထားချင်တဲ့နေရာကို ပြလိုက်ပါ။ ဒါဆိုရင် ခင်ဗျားရဲ့ ပုံလေးဟာ ပို ပြီး လှသွားမယ်။